public

တောင်ကြီး မီးပုံးပွဲအကြောင်း တစ်စေ့တစ်စောင်း

ပထမဆုံး မီးပုံးပျံကြီးကို ကုန်းသာကျောင်းဆရာတော် ၏ ဆန္ဒဖြင့် ကူညီကုန်းရပ်ကွက်ရှိ အမေကြီး နှင့် စာရေးကတော်ကြီး ဒေါ်သင့်တို့နှစ်ဖွဲ့ ပေါင်းပြီး ကိုက် ၄၀ ရှိတဲ့ ပိတ်ဖြူအုပ်၄၀ နဲ့တစ်လတိတိ ချုပ်လုပ်ခဲ့ကြတယ်..

6 months ago

Latest Post Myanmar planned to reopen to tourism at the start of 2022 by Chili public

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲဆိုတာ မြန်မာတို့ရဲ့ ဂုဏ်ယူစရာ ရိုးရာပွဲတော်တစ်ခုပါ.. ဒီတောင်ကြီးတန်ဆောင်တိုင် ကို မရောက်ဖူးတဲ့သူတွေအတွက်ကောရောက်ဖူးပေမဲ့ မီးပုံးပျံပွဲရဲ့ သမိုင်းကို မသိတဲ့သူတွေအတွက် ချီလီမှတ်သားခဲ့တာလေးတွေ ပြောပြချင်ပါတယ် ..

တောင်ကြီး မီးပုံးပွဲအစ

လူတွေပြောနေကြသလို မီးပုံးပွဲအစ ကုန်းသာကျောင်းကလို့ တော့ မဟုတ်ဘူးတဲ့ …ဟိုးအရင်တောင်ကြီးမြို့ စတည်ကတည်းက တန်ဆောင်တိုင်ပွဲမှာ မီးပုံးအချို့ကို လွှတ်တင်တဲ့ဓလေ့က ရှိခဲ့ပေမဲ့ ကုန်းသာကျောင်းကနေ ပထမဆုံး အကြီးဆုံး ပိတ်သား မီးပုံးပျံကြီးကို စလွှတ်ခဲ့တာဆိုရင်တော့ ပိုမှန်ပါမယ်တဲ့ … ကုန်းသာကျောင်းမှ မီးပုံးပျံကြီးကို ၁၉၄၁ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့မှလွှတ်တင်ခဲ့တာပါ... အဲဒီကနေစပြီး မီးပုံးပျံကြီးတွေ လွှတ်တင်တဲ့ဓလေ့ စတင်ခဲ့တယ်လို့ သိရပါတယ်.. ဟိုးအရင်ကတော့ တန်ဆောင်တိုင်ပွဲတော်ဆိုပြီး ကြီးကြီးမားမား မကျင်းပကြသေးဘဲ ဆီမီးထွန်းတာတွေ ၊ မီးရှူးမီးပန်းလွှတ်တာတွေသာ လုပ်ခဲ့ကြတာတဲ့ .. အဓိကကတော့ မိမိတို့ရပ်ရွာကနေ ..မကောင်းဆိုးဝါးများ နှင်ထုတ်တဲ့အနေနဲ့လို့ပြောကြတယ်..

ပထမဆုံး မီးပုံးပျံကြီးကို ကုန်းသာကျောင်းဆရာတော် ၏ ဆန္ဒဖြင့် ကူညီကုန်းရပ်ကွက်ရှိ အမေကြီး နှင့် စာရေးကတော်ကြီး ဒေါ်သင့်တို့နှစ်ဖွဲ့ ပေါင်းပြီး ကိုက် ၄၀ ရှိတဲ့ ပိတ်ဖြူအုပ်၄၀ နဲ့တစ်လတိတိ ချုပ်လုပ်ခဲ့ကြတယ်.. မီးပုံးပျံကြီး အောက်ခြေမှာ (အရပ်အခေါ် အောက်ဆွဲ) ပံ့သကူပေးမည့် ဆန်အိတ်၊ ဆီပုံး စတာတွေကို ချိတ်ဆွဲမည့် လေထီးလေးတွေပါ ထည့်လုပ်ခဲ့ကြတယ်...အခုအချိန်ထိလဲ အဲဓလေ့က ရှိတုန်းပါ... ဆရာတောင် ဘုရားကျေးဇူးကြောင့်သာ ဒီလို မီးပုံးပျံကြီးတွေနဲ့လုပ်တဲ့ ဓလေ့စခဲ့တယ်ဆိုရမယ်.. ဒါမဲ့ မအောင်မြင်ခဲ့ဘဲ .. မီးပုံးပျံကြီးဟာ မီးလောင်ပျက်ကျခဲ့တယ်.. နောက်မှ ပိတ်နဲ့တော့ အဆင်မပြေလောက်ဘူးဆိုပြီး ရှမ်းစက္ကူ ဖြင့် ထပ်ပြုလုပ်ခဲ့ပြီး ဒီတစ်ခါတော့ အရင်တစ်ခေါက် မီးပုံးပျံလောက် အရမ်း မကြီးတော့ဘဲ အချင်း ၂၄ပေပဲရှိတော့တယ်.. ဒီတစ်ခါလဲ ပံ့သကူပစ်ဖို့ိ အိန္ဒိယနိုင်ငံလုပ်ခေတ်သုံး ငွေဒင်္ဂါးများအပြင် အခြားအသုံးအဆောင်များကို ထပ်မံချိတ်ဆွဲပြီး လွှတ်တင်ခဲ့ရာ ဒီတစ်ခါတော့ အောင်အောင်မြင်မြင်လွှတ်တင်နိုင်ခဲ့သတဲ့ .. ဒီလို မီးပုံးပျံကြီးလွှတ်တင်ဖို့ စခဲ့တဲ့ ကုန်းသာကျောင်းကြီးကတော့ ၁၉ ၄၇ ခုနှစ် အေပရယ် ၁၀ ရက်မှာ ဂျပန်တွေကျဲတဲ့ ဗုံးကြောင့် ကျောင်းပြာကျပြီး ဆရာတော်လဲ ကွယ်လွယ်သွားခဲ့တယ်လို့ စိတ်မကောင်းစွာ သိရတယ်...

တောင်ကြီး မီးပုံးပျံ ပြိုင်ပွဲအစ

ပြိုင်ပွဲ ဘယ်တုန်းက စလဲဆိုရင်တော့ စနစ်တကျ ဒိုင်တွေပါပါဝင်ခဲ့တဲ့  ၁၉ ၅၀ ခုနှစ်က စတယ်လို့ စိုင်းထွန်းနောင်ရဲ့ တောင်ကြီး တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံစာအုပ်ထဲမှာ ဖတ်ရပါတယ်.. အခုဆို တောင်ကြီး မီးပုံးပွဲက နှစ်ပေါင်း (၆၉ ) ဖြစ်နေပြီ...  ဒီကြားထဲမှာ 1949& 1988 နှစ်ကြိမ်ပဲနားခဲ့တယ်..လို့ ဒီပြိုင်ပွဲမှာ ဒိုင်လုပ်နေတဲ့ ကိုစိုင်းအောင်မျိုးက ရှင်းပြတယ်.... မီးပုံးပျံကြီး တစ်ခုလုပ်ဖို့ အရုပ်မီးပုံးဆိုရင် တစ်ရက်လောက်နဲ့လုပ်ရပေမဲ့ .. ညမီးကြီးလုပ်ဖို့ကတော့ ပိုအကုန်အကျများတယ်.. သိန်း (၃၀) လောက်ကနေစပြီး လုပ်ချိန်လည်း တစ်လ လောက်ကြာတယ်.. မီးပုံးပျံထဲမှာနာမည်ကြီးတာတော့ ဓာတ်ခဲတို့ ၊ တိမ်ယံမီးတို့ ဆို တော်တော်များများသိကြတယ်.. အဲထဲမှာတော့ တောင်ပိုင်းမီး နဲ့ ဓာတ်ခဲကတော့ ဟိုးရှေးကတည်းက စပြိုင်ခဲ့တဲ့အသင်းလို့ ပြောရမယ်.. .

အမှတ်ပေးစနစ်

1. မှိုင်းခံစနစ် - အမှတ် (၂၀) ပေးတယ်..မြန်မြန်တက်နိုင်ရင် အမှတ်များများရတယ်. တစ်မိနစ်နောက်ကျရင် တစ်မှတ်နှုတ်တယ်.. 2. ပုံသဏ္ဍာန် - ဖော်တဲ့ အရုပ် ပုံသဏ္ဍာန် အနီးစပ်ဆုံး တူမူတူကြည့်တာမျိုး 3. အတက်ကောင်းမကောင်း - လေပေါ်တက်တဲ့အခါ တည့်တည့်တက်လား... စောင်းသွားလားးး အဲပေါ်မူတည်ပြီး အမှတ်ပေးတယ်4. ကောင်းကင်စံချိန် - မီးပုံးပျံလေထုထဲမှာ မိနစ် ၄၀ ရှိရင် အမှတ်ပြည့်ရတယ်.. ၂ မိနစ်ကို တစ်မှတ်နှုန်းနဲ့ပေးတယ် ဒါကတော့ နေ့လွှတ်အရုပ်အမှတ်ပေးပုံပါ.

ညမီးကြီး

ညမီးကြီးအမှတ်ပေးပုံက အပေါ်က ၁-၄ အတူတူပါဘဲ..ဒါမဲ့ သူမှာက တစ်ခုတိုးသွားပါတယ်.. အဲဒါကတော့ မီးရှူးမီးပန်း မီးကျည်အရေအတွက် အနည်းအများ၊ အရောင် စုံလင်မှု ရှိမရှိ တို့ကို တွက်ချက်ရတဲ့အပြင် မီးရှူးစကျတဲ့အချိန်ကနေ ကုန်တဲ့အချိန်အထိ အချိန်မည်မျှကြာသည်တို့ကို ကြည့်ပြီး အမှတ်ပေးတာပါ...

စိန်နားပန်

.သူလဲအပေါ်က ၁-၄ ကတော့အတူတူပါဘဲ။ သူကိုထပ်ပိုတာကတော့ မီးပုံးတွေ ခြယ်သမှုရှိမရှိ၊ သရုပ်ဖော်စာသားပီပြင်မှု ရှိမရှိ၊ မီးပုံးများ ငြိမ်းခြင်း ရှိမရှိ တို့အပေါ်မူတည်ပြီး ထပ်အမှတ်ယူပါတယ်.. .လာပြိုင်တဲ့သူတွေကို တင်းကျပ်စွာထားထားတဲ့ နောက်ထပ် ဥပဒေတစ်ခုရှိသေးတယ်.. ဆောင်းဘောက်တွေ၊ လော်တွေနဲ့ဖွင့်ပြီး ကွင်းအတွင်းသို့ ဝင်ရင် ပြိုင်ခွင့်မပေးပါဘူး... ရိုးရာ ရှမ်းအိုးစည် တူရိယာတွေနဲ့ပဲ တီးမှုတ်ကခုန်ပြီး ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ပြုတာကတော့ တကယ့် သဘောကျစရာပဲ.....

အတွေ့အကြုံ

ချီလီတို့ကတော့ လပြည့်နေ့မဟုတ်ဘဲ အစောပိုင်းရက်တွေသွားလို့ ကားသိပ်မကျပ်ဘူး..တကယ်တမ်း စီတဲ့ဖွင့်ပွဲတို့ လပြည့်နေ့တို့ဆို ၂ နာရီ ၃ နာရီလောက်ကတည်းက ကွင်းထဲကို ဝင်နေကြပြီတဲ့ ဖြစ်နိုင်ရင်စောစောသွားတာ အကောင်းဆုံးပဲ.. … ဘာပစ္စည်းမှမယူသွားပဲ ပိုက်ဆံကို အကျီအိတ်ကပ်တို့ဘာတို့ထဲပဲ ထည့်သွားတာ ပိုကောင်းတယ်.. အထဲရောက်ရင်တော့ ကိုယ်ဘယ်နေရာကနေ မီးပုံးကို ကြည့်မလဲဆိုပြီး ဆုံးဖြတ်ရမယ်.. မီးပုံးပျံကွင်းကို အပေါ်စီးကနေ မြင်ရတဲ့ ဘားတွေ အများကြီးတွေ့ရတယ်.. အဲဘားတွေကနေ တက်ကြည့်ရင်တော့ မြန်မာဘီယာ ၅ ဂျားပေးတယ်.. စားပွဲတစ်ဝိုင်းရတယ်.. ၅၀၀၀၀ ပေးရတယ်.. အဲလိုထိုင်ကြည့်ဖို့တော့ တော်တော်စောစောကနေ လူဦးမှ ရမယ်.. နောက်တစ်ခုက ဒီအတိုင်းပဲ ကွင်းထဲမှာ ဆန်အိတ်လေးတွေ ငှား ကြည့်တာမျိုးပေါ့ .. အဲဒါဆိုရင်လဲ နေရာဦးမှ ရမှာပဲ.. ချီလီတို့ကတော့ ကွင်းထဲကနေပဲ ရောင်းတဲ့ မုန့်တီလေးသောက် ချမ်းချမ်းနဲ့ မြန်မာဘီယာဘူးလေးတွေပဲဝယ်ပြီး မီးပုံးကို ဇိမ်ခံကြည့်တယ်.. ပြီးရင် ပွဲခင်းထဲ လျှောက်သွားပြီး ပြောင်းဖူး မီးဖုတ်တို့ ကောက်ညှင်းပေါင်းပူပူလေးတို့စားရတာ ရှယ်ပဲ.. စိတ်ပါရင် ပင်လယ်ဓားပြတို့ ရဟတ်တို့ ဝင်စီးလို့ ရသေးတယ်..

ပြီးရင် မီးပုံးတွေ လွှတ်တဲ့ ခြံခတ်ထားတဲ့နေရာလေးကနေ သွားငေးပြီး မီးပုံးပျံတွေ ပျံတက်သွားတဲ့အခါ ကလေးတစ်ယောက်လို မော့ကြည့်ပြီး ကြည်နှုူးရသလို မီးလောင်သွားရင်လဲ သူတို့နဲ့အတူ ကိုယ်ပါ စိတ်မကောင်းဖြစ်မိတယ်.. .ရှမ်းပြည်သူ ရှမ်းပြည်သားတွေအတွက် ဒီပြိုင်ပွဲဟာ မီးပုံးပျံ ပြိုင်ပွဲဆိုတာထက်ပိုပါတယ်.. သူတို့ရဲ့အသင်း၊ စည်းလုံးမှု၊ ယဉ်ကျေးမှု၊ တာဝန်ခံမှု အကုန်လုံးပါနေတယ်ဆိုတာ တွေ့နိုင်တယ်.. မီးပုံးပျံကြီးပျံဖို့တောင် လူတွေ အယောက် ၂၀-၃၀ က ဘေးနားကနေ ဝိုင်းအားဖြည့်နေရသေးတာ.. မပျံခင် စဆောက်ကတည်းက ဘယ်လောက်တောင် အားဖြည့်ရမလဲဆိုတာ တွေးကြည့်တာနဲ့မြင်နိုင်တယ်.. သူတို့ရဲ့အသည်းနှလုံးသားထဲကနေကို ဒီမီးပုံးတွေကိုဆောက်ရတာဆို ပိုမှန်မယ်.. ဆောက်လုပ်ချိန်မှာလဲ အသင်းသားတွေ အဆင်ပြေဖို့ကျွေးဖို့မွေးဖို့ ကူညီပေးသူတွေကလဲ တက်ညီလက်ညီကူညီဖို့စတာတွေ အများကြီး ပေးဆပ်လုပ်ကြတယ်.. နောက်ဆုံး ကိုယ်ဆောက်ထားတဲ့ မီးပုံးပျံလေးတွေ ကောင်းကင်ပေါ်ကို ဝံ့ဝံ့ကြွားကြွားတက်သွားတော့ ပျော်ရွှင်ပြီး တီးမှုတ်ကခုန် အောင်ပွဲခံပြန်နေသူတွေရှိသလို လေကြောင့်ဖြစ်ဖြစ် မထင်မှတ်ထားတဲ့လွဲချော်မှုကြောင့် ပျက်ကျသွားခဲ့ရင်လဲ တစ်ယောက်နဲ့တစ်ယောက် ဖက်ပြီး နောက်နှစ်အတွက် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အားပေးပြန်နေကြတာကို မြင်ရတယ်.. တကယ်တော့ တောင်ကြီးတန်ဆောင်တိုင်ဆိုတာ ရှမ်းလူမျိုးတွေအတွက်တင်မဟုတ်ပါဘူး.. ချီလီတို့အတွက် တစ်နိုင်ငံလုံးအတွက် ဂုဏ်ယူစရာ ပွဲတော်တစ်ခုပါ.. တောင်ကြီးတန်ဆောင်တိုင်ကော အင်းလေး လှေလှော်ပြိုင်ပွဲကိုပါ စနစ်တကျပိုလုပ်ပြီး အိမ်နီးခြင်းနိုင်ငံတွေက ပွဲတော်တွေထက် ပိုအောင်မြင်တဲ့ ပွဲတော်ကြီး တစ်ခုဖြစ်စေချင်ပါတယ်လို့.

#chilli #mykhayee

photo credit - U U Ye Kalawthar Kyaw Naing Win

မှီငြမ်း - စိုင်းထွန်းနောင်ရဲ့ တောင်ကြီး တန်ဆောင်တိုင်ရိုးရာ

မှားနေတဲ့အချက်ရှိရင် အပြုသဘောနဲ့ပြောပြပေးနိုင်ပါတယ်

Chili

Published 6 months ago

Comments?

Leave us your opinion.